တာချီလိတ် မေ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ
ကျေးလက်နေ
ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်စေရန် အသက်
မွေး ၀မ်းကျောင်း
အထောက်အကူပြု ပန်းရံ၊ လက်သမား
သင်တန်းဖွင့်ပွဲကို
ယနေ့
မေလ ၃ ရက်၊ နံနက် ၉
နာရီခွဲက
မိုင်းကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပပြု လုပ်ကြောင်း
သိရသည်။
သင်တန်းဖွင့်ပွဲတွင်
ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ထွန်း က ဦးစီးဌာနမှ
ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အသက်မွေး
ဝမ်းကျောင်းအထောက်အကူပြု
ပန်းရံ၊လက်သမား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား
သည်။ ထို့နောက် အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်မြတ်သန္တာထက် နှင့် တာဝန်ရှိသူများက သင်တန်းတွင် သင်ကြားပေးမည့်
အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် အုတ်စီနည်း၊
ဘိလပ်မြေကွန်ကရစ်ဖျော်စပ်နည်း၊ မဆလာဖျော်နည်း၊ ပြတင်းတံခါး
ကျည်းခွေပြုလုပ်နည်း၊
အမိုးဒိုင်း၊မြား ပြုလုပ်နည်း၊
ကျောက်ပုံးရိုက်နည်းများကို မေလ(၃)
ရက်နေ့မှဇွန်လ(၂)ရက်နေ့
အထိ
ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ
သင်တန်းသို့
မိုင်းကိုးကျေးရွာ အုပ်စုရှိ
မောတွီ၊ ရန်ကုန်၊
ဟိုရမ်း(၁)၊
ဟိုရမ်း(၂)၊
ဆီလီငေါ့ ၊
ယန်းခမ်း(၁)၊
ရန်ရှင်း(၃)၊
ကူလောင်း(၁)၊
ဝမ်မုန် နှင့်
ပန်ဟတ်ကျေးရွာများမှ
သင်တန်းသား (၃၀)ဦးတက်ရောက်
သင်ကြား မည်ဖြစ်ကြောင်း သိရသည်။
ဝေယံလင်း