တာချီလိတ် မေ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရာသီဥတုပူပြင်းမှုကြောင့်
အပူရှိန်မြင့်တက်ကာ
ရေတွင်းနှင့် ရေချောင်းများခမ်းခြောက်ပြီး သောက်သုံးရေအခက်အခဲများနှင့် ကြုံတွေ့နေရသည့် ရပ်ကွက်များနှင့် ဘုန်းကြီး
ကျောင်းများအား
မြို့နယ်စည်ပင်သာယာရေးဌာန မှ
ဝန်ထမ်းများက
မေ ၃
ရက်နေ့က သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း
သိရသည်။
ထို့သို့ သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိရာတွင် ဧပြီလအတွင်းက ပုန်းထွန်ရပ်ကွက်ရှိ ကျောက် တောင်၊
ငွေတောင်ဦး၊ စိန်ပန်းလမ်းဆုံ၌ ရေဂါလံ( ၁၆၀၀)၊
မကာဟိုခမ်းရပ်ကွက်တွင်
ရေဂါလံ (၃၂၀၀)၊ ဆန်ဆိုင်း
ဝန်ထမ်းအိမ်ရာတွင်
ရေဂါလံ (၂၄၀၀)၊ ဆေခမ်းရပ်ကွက်နှင့်
ဝမ်ကောင်းရပ်ကွက်
အာခေရွာတို့ရှိ အနော်ရထာ
လမ်းဆုံ၊ လေယာဉ်ကွင်း
ဘုန်းကြီးကျောင်းနှင့်
ဌာနဆိုင်ရာ များ
အား ရေဂါလံ
(၇၂၀၀)
ကို ဖြန့်ဝေပေးခဲ့ပြီး၊ မေလ ၂ ရက်နေ့က မကာဟိုခမ်းရပ်ကွက်
တွင် ရေဂါလံ (၈၀၀) ကိုလည်းကောင်း၊ မေ ၃
ရက်နေ့က မကာဟိုခမ်းရပ်ကွက်
နှင့်
ဝမ်ကောင်းရပ်ကွက်ရှိ ကချင်ရွာ
တို့တွင်
ရေဂါလံ (၈၀၀) ကိုလည်းကောင်း စုစုပေါင်း
ရေဂါလံ (၁၆၀၀၀)
ကို
ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့အတူ မေ ၇
ရက်နေ့ ၊ နံနက် က
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး
ဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် နှင့် ၀န်ထမ်းများ၊
မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို
နှင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ကားများဖြင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိ ဟွေယုန်းကျေးရွာဟောင်း မှ အိမ်ခြေ(၃၀) တို့အား ရေဂါလံ(၁၆၀၀)ကိုလည်းကောင်း၊ ၀မ်ဆောက်ခုံ(အာခါ)ကျေးရွာမှ အိမ်ခြေ(၂၅)အိမ်အား ရေဂါလံ (၈၀၀)ကိုလည်းကောင်း သုံးသောက်ရေများ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့နည်းတူ တာချီလိတ်ပညာရေးဖောင်ဒေးရှင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် နိုင်ငံရေးပါတီများ က လည်း ရေအခက်အခဲဖြစ်သည့်
ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ကာ သုံးသောက်ရေ များ
လှူဒါန်း ပေးလျက်ရှိကြောင်းသိရသည်။
ဝေယံလင်း