တာချီလိတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန က ပြည်သူ့အတွက် ပထမ ရက် ၁၀၀ စီမံချက်အကောင်အထည်ဖော်မှုအဖြစ် မြို့နယ်များရှိ
ဒေသခံတိုင်းရင်းသား တောင်သူလယ်
သမားများ
စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ နှင့် မျိုးစေ့၊
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးဆိုင်ရာ နည်းပညာများ
သိရှိ လိုက်နာ
ဆောင်ရွက်နိုင်စေရန် အသိပညာပေး
လက်ကမ်းစာစောင်များကို
ယနေ့
ဇွန်လ ၂၇ ရက်၊ နံနက် ၇ နာရီက
ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ လက်ကမ်းစာစောင်များ
ဖြန့်ဝေခြင်းကို
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှဝင်း က ဦးဆောင်ကြီးကြပ်၍ ၀န်ထမ်းများက လူစည်ကားရာ အဝေးပြေးယာဉ် ရပ်နားစခန်း၊လဘက်ရည်ဆိုင် များ၊ ပုဂ္ဂလိကဈေးများရှိ ဈေးဆိုင်များ၊
လမ်းဆုံမီးပွိုင့်များ နှင့်
တာချီလိတ် - တာလေ -
ကျိုင်းလပ်မြို့ သွားလမ်းရှိ ကျေးရွာများနေ တိုင်းရင်းသားပြည်သူများထံ သွားရောက်
ဖြန့်ဝေ
ပေးသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့်
စိုက်ပျိုးသည့် လယ်ယာသီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊
ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များ စိုက်ပျိုးနည်း၊
ဓာတ်မြေသြဇာ၊ မျိုးစေ့၊ပိုးသတ်ဆေးဆိုင်ရာ ဥပဒေများနှင့် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများပါဝင်သော မြန်မာ၊ ရှမ်း၊
အာခါ၊ လားဟူ
ဘာသာတို့ဖြင့် ပြုစု ထားသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံလင်း