တာချီလိတ်  စက်တင်ဘာ  ၂၉
          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး  သည်   နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့်   ရွေးကောက်ပွဲကော်မရှင် 
အဖွဲ့ခွဲ အသီးသီးမှ    တာဝန်ရှိသူ များအား   စက်တင်ဘာ ၂၉ ရက်၊ နံနက် ၁၀ နာရီက   တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ   အောင်မြတ်ခန်းမ၌ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်းပြီး
ရှင်းလင်းပြောကြားသည်။
          အခမ်းအနားသို့   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့်အတူ  ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊  ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပွင့်  နှင့်အဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်း မောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးထိန်မင်းနှင့်  အဖွဲ့ဝင်များ၊      ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ
 ဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ မိုင်းဖြတ်၊ မိုင်းယောင်း မြို့နယ်များမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မိုင်းဆတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ အတွင်းရေးမှူး နှင့် အဖွဲ့ဝင် များ၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များမှ  ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ များ နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊    တိုင်းရင်းသားပြည်သူများ တက်ရောက် သည်။
          ရှေးဦးစွာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးတင်အေး က  ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ
(၈)ရက် နေ့တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပတော့မည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲ 
ဆိုင်ရာလုပ်ငန်း များသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ 
ဆိုသည်မှာပြည်သူလူထု၏ အချုပ်အခြာအာဏာကို  နိုင်ငံအ၀န်းပျံ့နှံ့စေရန်  လူထုဆန္ဒနှင့်အညီ လူထုကိုယ်စားလှယ်ရွေးချယ်တင်မြောက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊မဲစာရင်းအမှားအယွင်းများ ပြင်ဆင်
 အချိန်ကန့်သတ်ချက်ရှိနိုင်သဖြင့် အခြေခံမဲစာရင်းကို ကြိုတင်ပြုစုခဲ့ကြောင်း၊  မဲစာရင်းကြေညာချိန် လာရောက် ကြည့်ရှုပြီး   ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်မှုများပြုလုပ်ကာ မှန်ကန်သော မဲစာရင်းဖြစ်လာရေးပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း ၊   မဲစာရင်းမှားယွင်းသဖြင့် မဲပေးခွင့် မဆုံရှုံးနိုင်ကြောင်း နှင့်     လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ ၅၀(ဂ)ဆိုင်ရာများ၊ ကြိုတင် မဲပေးခြင်း ဆိုင်ရာများ၊     မဲပေးရာတွင် လွယ်ကူလျှင်မြန်ရေးဆိုင်ရာများ၊ မဲဆွယ်စည်းရုံးရေးကာလတွင်  လိုက်နာရန် ညွှန်ကြားချက်ဆိုင်ရာများ၊  လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ  ဥပဒေ အခန်း(၁၃)
 ရွေးကောက်ပွဲဆိုင်ရာ    ပြစ်မှုများ ၊ ပြစ်ဒဏ်များ၊ အခန်း(၁၄)တရားမဲ့ပြုကျင့်မှုများကိုသိရှိလေ့လာ၍ ဥပဒေ၊
 စည်းမျဉ်း၊ ကျင့်ဝတ်များ လေးစားလိုက်နာ ဆောင်ရွက်ကြရန် အဖွင့်အမှာစကားတွင် အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
          ထို့နောက်  တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် နှင့် မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးစိုးမင်းထက်တို့ကခရိုင်အလိုက်ရွေးကောက်
ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။
           ဆက်လက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊လွှတ်တော်ကိုယ်စား 
လှယ်လောင်း များ က  ရွေးကောက်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍  သိရှိလိုသည်များအား    မေးမြန်းရာ
  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်  တာဝန်ရှိသူများက ပြန်လည်ရှင်း လင်းဖြေကြား ခဲ့ပြီး၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က  နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်
လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ရွေးကောက်ပွဲ  စောင့်ကြည့်လေ့လာသူများ၊    မီဒီယာများ ၊ 
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးနှင့်    ပြည်သူများအနေဖြင့်  အေးချမ်းပြီး၊ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်အောင်အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နိဂုံးချုပ်ပြောကြား 
ခဲ့ကြောင်း သိရသည်။
                                                                                                ဝေယံလင်း













 
Top