တာချီလိတ် အောက်တိုဘာ ၁
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား
ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁ ရက်၊ နံနက် ၉ နာရီက တာချီလိတ်မြို့ ၊ မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာအသက်(၈၀)နှစ်အထက်အဘိုးအဘွား(၁၂၅)ဦးအား ငွေကျပ်(၉၇၆၆၀၀၀)
နှင့် စားသောက်ဖွယ်ရာများ
၊ အသုံး အဆောင်ပစ္စည်းများကို စုပေါင်းလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊
ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ
ဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံနှင့်အဖွဲ့
ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်
နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊
စီးပွားရေးလုပ်ငန်းရှင်များ နှင့် စေတနာရှင်အလှူရှင်များ က သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပြီး၊ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်
ပစ္စည်း များအားပေးအပ်လှူဒါန်းသည်။ ထို့နောက် သက်ကြီး အဘိုးအဘွားများကိုယ်စား အဘိုး ဦးမောင်လေး
(
သုဓမ္မ မဏိဇောတဓရ ) က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ အဘိုးအဘွားများ အား
နေ့လည်စာဖြင့် ကျွေးမွေး ဧည့်ခံကာ မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့မှ
ဝန်ထမ်းများက ကျန်းမာရေးပြုစုစောင့် ရှောက်မှုပေးခဲ့သည်။
အဆိုပါ ပူဇော်ကန်တော့ပွဲတွင် အသက်(၈၀)နှစ်အထက်
အဘိုး(၅၁)ဦး နှင့် အဘွား(၇၄)ဦး စုစုပေါင်း (၁၂၅)ဦး တို့အား လှူဒါန်းမည်ဖြစ်ရာ အခမ်းအနားသို့ အဘိုးအဘွား (၇၃)ဦးသာ တက်ရောက်နိုင်ပြီး၊ ကျန်ရှိသည့်
အဘိုးအဘွား (၅၂)ဦးအား လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက အိမ်တိုင်ရာရောက်
သွားရောက်ထောက်ပံ့ လှူဒါန်းပေးမည်ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း