တာချီလိတ် ဇွန် ၁၃
၂၀၁၆ခုနှစ်၊ဇွန်လ၂၆ရက်နေ့တွင်
ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် (၁၉) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်းသား
ကျောင်းသူ များအား ဆုများချီးမြှင့်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ ဇွန်လ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ က
အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်မူးယစ်
ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ
ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
ထိန်ဝင်း က ၂၀၁၆ခုနှစ်၊
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မ၀င်
ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်
အခမ်းအနား
အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် စီစဉ်
ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကျင်းပရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် အကဲဖြတ်စိစစ်ရေး ဆပ်ကော်မတီ၊
အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ ပညာပေးပြခန်း
ပြသရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီနှင့် သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ အသီးသီးတို့က ဆောင်ရွက်မည့်
အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူး
က တင်ပြချက်
များနှင့်စပ်လျဉ်း၍
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း