တာချီလိတ် အောက်တိုဘာ
၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
မှ မဲရုံမှူး ၊ ဒုတိယမဲရုံမှူး နှင့် မဲရုံ အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ ခရိုင်အဆင့်
ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ အောက်တိုဘာ
၅ ရက်၊ နံနက် ၈ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ရွေး
ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်၊
အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး
ဦးရန်နောင်စိုး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း
နှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်သည်။
အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်
က ဆင့်ပွားသင်တန်းဖွင့် လှစ်ရခြင်းနှင့်စပ်လျဉ်း၍
အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဦးရဲမြင့် (ခရိုင်ဥပဒေအရာရှိ) နှင့် တာဝန်ရှိသူတို့က ဆက်လက်သင်ကြားပို့ချသည်။
အဆိုပါသင်တန်းသို့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ များ နှင့်
အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ယူဆောင်ရွက်မည့် ကျောင်းဆရာ၊ ဆရာမများ က သင်တန်းသားအဖြစ်တက်ရောက်ပြီး၊ အောက်တိုဘာလ
(၅)ရက်နေ့မှ (၆)ရက်နေ့အထိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၏ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့်များ၊
မဲရုံအတွင်း ၀င်ခွင့်ရှိသူများ၊စောင့်ကြည့်လေ့လာသူများ၊မဲရုံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊
မဲရုံပုံစံနှင့်ကြိုတင်ပြင်ဆင်မှုဆိုင်ရာများ၊ မဲရုံပစ္စည်း များအသုံးပြုပုံ၊ မဲရုံတွင်
လိုအပ်သောပုံစံများစာရင်း၊ မဲရုံဖွင့်ခြင်း
ပိတ်ခြင်းဆိုင်ရာများ၊ အမေးအဖြေ ကဏ္ဍများ၊ ရွေးကောက်ပွဲနေ့တွင် မဲရေတွက်ခြင်း၊ ခိုင်လုံမဲနမူနာများ၊ ပယ်မဲနမူနာများ၊
အထိခိုက်ခံသောပစ္စည်းများနှင့်အထိခိုက် မခံသောပစ္စည်းများ ဖြန့်ဝေခြင်း၊ သိမ်းဆည်းခြင်းလုပ်ငန်း
များ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ နှင့် မဲပေးနည်းလက်တွေ့သရုပ်ပြခြင်းတို့ကို သင်ကြားပို့ချပေး
မည်ဖြစ်ကြောင်း သိရသည်။
ဝေယံလင်း