တာချီလိတ် အောက်တိုဘာ
၅
၂၀၁၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်အခြေခံ ပညာအထက်တန်းကျောင်း၊ ခန်းမ၌ ယနေ့ အောက်တိုဘာ
၅ ရက်၊ နံနက် ၉ နာရီ ခွဲက ကျင်းပပြုလုပ်ရာ
ကျောင်း သားကျောင်းသူများက “ မြတ်ဆရာ ” တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ က အခမ်းအနားကျင်းပရခြင်း နှင့် ကမ္ဘာ့ဆရာများနေ့ ဆောင် ပုဒ်ဖြစ်သည့် “ လူ့အဖွဲ့အစည်း စဉ်ဆက်မပြတ် တိုးတက်ရေး ဆရာ့စွမ်းရည် မြှင့်တင်ရေး” ဆိုသည့် အတိုင်း ဆရာ့ ကျင့်ဝတ်များနှင့်အညီ လူ့လောက ကောင်းကျိုး ဆက်လက်ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်
ကျောင်းသား ကျောင်းသူများအား ရင်ဝယ်သားကဲ့သို့
နွေးထွေးပျူငှာစွာ ပညာပြည့်ဝစွာ သင်ကြားပြီး၊ ဆရာ့စွမ်းရည် မြင့်မား တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်
အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်ထွန်း က ဆရာ့ကျင့်ဝတ်၊ဆရာ့ဂုဏ်သိက္ခာများ၊ဆရာအတတ်ပညာအရည်အသွေးမြင့်မားရေး၊ ကျောင်းသား၊ကျောင်းသူ
များ၏ သင်ယူတတ်
မြောက်မှု အရည်အသွေးမြင့်မားရေးဆိုင်ရာများနှင့်စပ်လျဉ်း၍
အမှာစကားပြောကြား သည်။
ဆက်လက်၍ အသက်(၇၄)နှစ်ရှိ အငြိမ်းစားကျောင်းဆရာကြီး ဦးဒါးရ်ရီယို အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး၊
အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ထူးချွန်ဆုရ ဆရာ၊ ဆရာမများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲဆုရ တာချီလိတ်အထကမှ
ဆရာမ ဒေါ်မိုးသန္တာ နှင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင်
ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက
ဆုများချီးမြှင့်ပေးသည်။
ယင်းနောက် ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား၊ ကျောင်းသူများက “ဘယ်ပန်းမဟူ ပွင့်စေသူ ” တေးသီချင်းသီဆိုဖျော်ဖြေကာ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြောင်း သိရသည်။
ဝေယံလင်း