တာချီလိတ် အောက်တိုဘာ
၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ကျေးလက်နေ ပြည်သူများ
အလုပ်အကိုင်အခွင့်အလန်းတိုးတက်ရရှိပြီး
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်
အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု
မော်တာအပ်ချုပ်စက်သင်တန်းအမှတ်စဉ်(၁/၂၀၁၅)သင်တန်းဆင်းပွဲကို
ယနေ့
အောက်တိုဘာ ၇ ရက်၊ နံနက် ၉ နာရီက ဖန်မင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး
က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတား၊ ရေပေးဝေရေး၊ မီးလင်း ရေး၊ ကျေးလက်အိမ်ရာ၊
ကျေးလက်အိမ်သာ တည်ဆောက်ပေးခြင်းလုပ်ငန်းများကို
ကျေးလက်လူထု၏လိုအပ်ချက် များအပေါ် ဦးစားပေးအစီအစဉ်အလိုက်
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရန်
အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း၊
လက်သမား၊ ပန်းရံသင်တန်း၊ စက်ဘီး၊ဆိုင်ကယ်ပြင်သင်တန်းများပေးခြင်း၊အပ်ချုပ်စက်သင်တန်း များဖွင့်လှစ်ကာ ၀င်ငွေရစေမည့် နည်းပညာများကိုလည်း
စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ယင်းသို့သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေများတိုးတက်ရရှိစေပြီး
လူမှုစီးပွားဖွံ့ဖြိုးတိုးတက် စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းတွင် ပထမဆုရရှိသူအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး
က လည်းကောင်း၊ ဒုတိယဆုရရှိသူအား ပြည်နယ်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း ကလည်းကောင်း၊ တတိယဆုရရှိသူအား မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင် က လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး၊ သင်တန်းဆင်း လက်မှတ်များအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် က ပေးအပ်သည်။
ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းသင်တန်း
အား ဖန်မင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ
သင်တန်းသူ(၃၀)ဦး တက်ရောက်ပြီး၊ သြဂုတ်လ၂၇
ရက်နေ့မှ အောက် တိုဘာလ ၆ ရက်နေ့အထိ တစ်လကြာဖွင့်လှစ်
သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်နယ်ရုံးခွဲ ဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်ဦးစီးမှူးဦးအောင်ထွန်း၊ခရိုင်နှင့်မြို့နယ်
ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊
ရပ်မိရပ်ဖများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း