တာချီလိတ် အောက်တိုဘာ
၈
၂၀၁၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား
အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် လုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာ ၈ ရက်၊ နံနက် ၉ နာရီ ခွဲက တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး၊
အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
သိန်းထွန်းဦး က မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ
လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲ
အကြိုကာလ ၊ မဲဆွယ်စည်းရုံးရေး ကာလ၊
ရွေးကောက်ပွဲကျင်းပစဉ် ကာလ နှင့် ရွေးကောက်ပွဲလွန်ကာလ အဖြစ် အချိန်ကာလ (၄)ပိုင်းခွဲခြား၍
လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ အား အကျယ်တ၀င့်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်းကရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ
အောင်မြင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့မိမြို့ဖများ၊
သတင်းမီဒီယာများ နှင့် နိုင်ငံရေး ပါတီများက
သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက
ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ အဖွဲ့ဝင်များ၊
မြို့နယ်ဖွံ့
ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင် သာယာရေးကော်မတီမှအဖွဲ့ဝင်
များ၊ သတင်းမီဒီယာများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊
ရပ်ကွက် ၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရသည်။
ဝေယံလင်း