တာချီလိတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန
မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေး
လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊
ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် လမ်းဘေး
ဝဲ၊ ယာ အုတ်စီရေမြောင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေကျပ်(၈၈၈၅၀၀၀)ဖြင့်
မယ်ခေါင်ရပ်ကွက်ရှိ အိမ်တွင်းမှုကျောင်းလမ်း အရှည်(၆၅၀)ပေ ၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မ
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း နှင့် ရန်ပုံငွေကျပ် (၁၁၄၇၀၀၀၀)ဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟံသာဝတီလမ်း
အရှည်ပေ(၉၀၀)၊ အကျယ်(၂)ပေ၊ အနက်(၂.၆)ပေ
အုတ်စီရေမြောင်းဆောင်ရွက်နေမှု အား
အောက်တိုဘာ ၆ ရက်နေ့က အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင် ၊
အင်ဂျင်နီယာမှူး ဦးလှမျိုး နှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးစိုင်းဝန်းလှိုင်း တို့က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး
ကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း