တာချီလိတ်  ဧပြီ   ၂၅
          ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ သူငယ်တန်း(KG)သင် ဆရာ၊ဆရာမများ လေ့ကျင့် သင်တန်းပေးရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကို  ယနေ့  ဧပြီ  ၂၅ ရက်၊ နံနက်  နာရီခွဲက  မကာဟိုခမ်းရပ်ကွက်ရှိ တာချီလိတ် အခြေခံပညာအထက်တန်းကျောင်း  ခန်းမဆောင်တွင်  ကျင်းပပြု လုပ်ကြောင်း သိရသည်။
          အခမ်းအနားတွင်  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးတင်ဝင်းရွှေ  က    သင်တန်း     အဖွင့်အမှာ စကားပြောကြားပြီး၊  မြို့နယ်ပညာရေးမှူး  ဒေါ်မာမာဦး က   ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် (KG)သူငယ် တန်းသင်ရိုးသစ်  မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းပြီး   ရှင်းလင်းပြောကြားသည်။
          သင်တန်းတွင်   ပထမတန်းသို့  ကူးပြောင်းမှုလွယ်ကူစေရန်  အသက်()နှစ်ပြည့်ပြီး  ကလေးများ အား    ဘက်စုံဖွံဖြိုးမှုနှင့်သင့်လျော်သည့် နည်းစနစ်များကို အသုံးပြုကာ ပြုစုပျိုးထောင်ခြင်းများဖြင့် လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ KG သင်ရိုး ညွှန်းတမ်းတွင် ကလေးဗဟိုပြု ချဉ်းကပ်နည်းများဖြင့်  လေ့ကျင့် သင်ကြားပေးမှာဖြစ်သည့်အပြင်  ကလေးများ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစေခြင်း စာရိတ္တမိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း၊  သင်္ချာဆိုင်ရာ  အခြေခံများကို  စူးစမ်းလေ့လာခြင်း၊  အနုပညာရသ ခံစားခြင်းနှင့် ဖန်တီးခြင်း၊    ပတ်ဝန်းကျင်လောက ကို  သိရှိနားလည်ခြင်း စသည့် နယ်ပယ်ခြောက်ခုဖြင့်  လေ့ကျင့် သင်ကြားပေမည်  ဖြစ်ကြောင်း သိရသည်။
          အဆိုပါ သင်တန်းသို့ တာချီလိတ်မြို့နယ်အတွင်းရှိ  တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်မြို့တို့ရှိ အထက်တန်း၊ အလယ်တန်း မူလတန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ  မူလတန်းဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ နှင့်   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲတို့မှ  တိုင်းရင်းသားများ  စုစုပေါင်း (၂၂၇)ဦး တက်ရောက်ပြီး၊ သင်တန်းကို ဧပြီ (၂၅)ရက်မှ မေလ (၁၀)ရက်နေ့အထိ    သင်တန်းနည်းပြဆရာ (၂၀)ဦးတို့က   ကြီးကြပ်သင်ကြားပို့ချပေး သွားမှာဖြစ်ကြောင်းသိရသည်။
                                                                                                ဝေယံလင်း









 
Top