တာချီလိတ် ဧပြီ ၁၂
၁၃၇၇ခုနှစ်၊
တာချီလိတ်မြို့ မြန်မာရိုးရာယဉ်ကျေးမှု
မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့ ဧပြီ ၁၂ရက်၊
ညနေ ၃
နာရီ ခွဲ က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ရှမ်းရိုးမကွင်းရှိအဆိုပါမဏ္ဍပ်တွင်ကျင်းပပြုလုပ်ကြောင်း
သိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာ သင်္ကြန်ဖွင့်ပွဲ
အထိမ်းအမှတ်
နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မဟာသင်္ကြန်ပွဲတော်အား ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး
ထိန်ဝင်း၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး
အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်
၊
ထိုင်းနိုင်ငံ ၊
မယ်ဆိုင်မြို့အုပ်ချုပ်ရေးမှူး မစ္စတာ ချူ့သိဒေ့ဗီးကျန်း နှင့်တာဝန်ရှိသူ တို့က
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အတာသင်္ကြန်ယိမ်းအဖွဲ့များက “ မြူမှောင်ဝေကင်း
” အဖွင့်တေးသီးချင်းဖြင့်
သီဆီုကပြ
ဖျော်ဖြေသည်။ ဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊
မြို့မိမြို့ဖများ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ
နယ်ခြားကော်မတီမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထား သည့်
ဧည့်သည်တော်များ
တက်ရောက်ကြောင်း သိရသည်။
ဝေယံလင်း