တာချီလိတ် ဧပြီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင်
ဧပြီ ၉
ရက်၊ ညအချိန်က
မီးလောင်
ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း မှ
ထောက်ပံ့ပစ္စည်းများ၊ ကယ်ဆယ်ရေး
နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့က
ထောက်ပံ့သည့်ပစ္စည်းများ ၊ စေတနာရှင်အလှူရှင်များ ထောက်ပံ့
ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့ ဧပြီ ၁၀
ရက်၊ နံနက်
၁၀ နာရီက
မဟာမြတ် မုနိဘုရားကြီးကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်း၌ ကျင်းပပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး
ဦးကောင်းစံဦး၊ တပ်နယ်မှ
ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ နိုင်ငံရေးပါတီများ နှင့် စေတနာရှင် အလှူရှင်
များက ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များနှင့်
အသုံးအဆောင်ပစ္စည်းများကို မီးဘေးသင့်ပြည်သူများထံလက်ဝယ်အရောက်ပေးအပ်သည်။
အဆိုပါ ပေးအပ်ပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပစ္စည်း(၁၃)မျိုးပါ family kit (၂၉)စုံ၊
အမျိုးသမီး သုံးပစ္စည်း
Dignity kit (၂၉)စုံ၊ အိမ်ထောင်စု (၃)စုလျှင် shelter kit တစ်ထုပ်
နှုန်းစီကိုလည်းကောင်း၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာမှ ကျားဝတ်လုံချည်၊ မ၀တ်လုံချည်၊
စောင်၊ မျက်နှာသုတ်ပုဝါ၊ ဒဏ်အိုး၊
ဇလုံ၊ တီရှပ်၊
ကာဘော်လစ်ဆပ်ပြာ၊နှစ်ယောက် အိပ်ခြင်ထောင် စသည့်ပစ္စည်း(၉)မျိုးပါ
အစုံ(၂၉)စုံကိုလည်းကောင်း တာဝန်ရှိသူများက
မီးဘေးသင့်ပြည်သူများအား
ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ကမ္ဘောဇဘဏ်၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ထိုင်းနိုင်ငံမှ အလှူရှင်များ ကလည်း ဆက်လက်လှူဒါန်းလျက်ရှိသည်။
ယင်းယာယီကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေးဦးစီးဌာနမှ
ဝန်ထမ်းများ၊ အဆွေတော်မိသားစု (၂၄)နာရီ
အထူးကုဆေးခန်း နှင့်
မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ (တာချီလိတ်ခရိုင်)တို့က လိုအပ်သည့် ကျန်းမာရေး
စောင့်ရှောက်မှုများပေးခြင်း၊ လူဝင်ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ၀န်ထမ်းများက
အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသစ်ပြန်လည်ပြုလုပ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
နှင့် တာဝန်ရှိသူများသည် မီးလောင်ကျွမ်းခဲ့သည့်
နေရာသို့ ရောက်ရှိပြီး သန့်ရှင်းရေး
ကူညီဆောင်ရွက်နေသည့်
တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ အား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။