တာချီလိတ် ဧပြီ ၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အိမ်အမှတ်(၇/၆၂)နေ အိမ်ရှင် ဦးအိုက်ပေါက် နေအိမ်မှစတင်၍ ဧပြီ
၉ ရက်၊ ည
၇ နာရီ ခန့်က စတင်မီးကူးစက်လောင်ကျွမ်းရာ လူနေအိမ် (၂၉)အိမ် မီးလောင်
ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၉ ရက် ၊ ည ၇ နာရီ ၀န်းကျင်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ နယ်မြေ (၇)၊ အိမ်အမှတ် (၇/၆၂)၊
အိမ်ရှင် ဦးအိုက်ပေါက်
၏ (၁၀)ပတ်လည်အကျယ်ရှိ သွပ်မိုး၊
ထရံကာ၊ပျဉ်ခင်း
နေအိမ်အား
အောင်အောင်သန်း ၊အသက်(၃၀)နှစ်က ဓာတ်ဆီလောင်း
၍ မီးရှို့ရာမှ မီးစတင် လောင်ကျွမ်းရာ ၀ါးထရံအိမ် (၉)လုံး၊ ပျဉ်ထောင်အိမ်(၁၅)လုံး၊အုတ်ညှပ်အိမ်(၅)လုံး စုစုပေါင်းနေအိမ်(၂၉)လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မီးလောင်ကျွမ်းမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၇၀) ဦး
နှင့် မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ တာလေမြို့မှ မီးသတ် ယာဉ် တစ်စီး ၊
မိုင်းဖြတ်မြို့မှ
မီးသတ်ယာဉ်တစ်စီး၊
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့စည်ပင်သာယာရေး
မီးသတ်တပ်ဖွဲ့မှ
မီးသတ်ဦးစီးမှူး ဦးဆောင်သော
အုပ်ချုပ်ရေးယာဉ်
တစ်စီး၊ မီးသတ်ယာဉ် (၁၂)စီးနှင့်အတူ
မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊
လူမှုရေးအသင်း
အဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ရာ
ည ၈
နာရီ ၄၀ မိနစ်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး၊ ည၁၀ နာရီခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။
မီးလောင်မှု
ဖြစ်ပွားရာသို့
စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့်
အလှူရှင်များက မီးဘေးသင့်ပြည်သူများအား မဟာမြတ်မုနိ
ဘုန်းကြီးကျောင်းတွင် ယာယီကယ်ဆယ် ရေးစခန်းဖွင့်လှစ်ထားရှိကာ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ နှင့် ကျန်းမာရေးစောင့်ရှောက်
ပေးခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ အဆိုပါ ဦးအိုက်ပေါက် နေအိမ်အား ဓာတ်ဆီလောင်း
မီးရှို့သူ အောင်အောင်သန်း အား တာချီလိတ်မြို့မရဲစခန်းက
အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေယံလင်း