တာချီလိတ် မတ် ၂၈
တာချီလိတ်မြို့နယ်
၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်းကျေးရွာအနီး၊ တာချီလိတ်
- ကျိုင်းတုံသွားလမ်းမပေါ်ရှိ
မိုင်တိုင်အမှတ် (767)km နှင့်
(768)km ကြားတွင်
ယနေ့
မတ် ၂၈
ရက်၊ ညနေ
၅ နာရီခွဲ
ဝန်းကျင် က Vigo အမျိုးအစား
မော်တော်ယာဉ် တစ်စီးမှာ အရှိန်လွန်
ပြီး၊
တစ်ဖက်ယာဉ်ကြောမှ
မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်
တစ်စီးအား
ဝင်တိုက်မှု ဖြစ်ပွားရာ Vigo မော်တော်ယာဉ်မောင်းနှင်လာသူ ယာဉ်မောင်း
မှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ
တာလေမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ တာချီလိတ်မြို့ ၊ မယ်ခေါင်ရပ်ကွက်နေ ဦးစိုင်းခမ်းမတ် မောင်းနှင်လာသည့် vigo အမျိုးအစား
မော်တော်ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး
မြေသားအတိုင်း ပေ(၂၀၀)ခန့် အရှိန်လွန်သွားခဲ့ပြီး၊
လမ်းမပေါ်သို့ပြန်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ
တာချီလိတ်မြို့ ဘက်
မှ တာလေမြို့ဘက်သို့ မလှိုင်မြို့နယ်
၊ ဆည်တိုကျေးရွာအုပ်စု၊ ဆည်ကွဲကျေးရွာနေ ဦးကျော်မျိုးဟိန်း မောင်းနှင်လာသည့် 6F/3808 Mitsubishi ROSA Bus
အမျိုးအစား
ခရီးသည်တင်
မော်တော် ယာဉ်၏ ရှေ့ခေါင်းဝဲဘက်ခြမ်းအား
ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့
အမှတ်(၁၁၇)
ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး
ဒုတိယရဲမှူး
အောင်ကိုကို
ဦးစီးသည့်
တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာသို့ ရောက်ရှိ
စစ်ဆေး ရာ Vigo ယာဉ်မောင်း ဦးစိုင်းခမ်းမတ် မှာ အခင်းဖြစ်ပွားရာတွင်
သေဆုံးပြီး၊ ယာဉ်ပေါ်အတူပါလာ သည့် ဒေါ်နန်းပတ်
မှာ နဖူးပွန်း၊
နှာခေါင်းယာဘက်ပေါက်ပြဲ၊ ဦးအိုက်အွပ်
မှာ
ဝဲပေါင်ကျိုးဒဏ်ရာ နှင့် ဒေါ်နန်းနွန်း
မှာ
ယာနဖူးပေါက်ပြဲ၊ ၀ဲခြေသလုံးပေါက်ပြဲ (မစိုးရိမ်ရ)
ဒဏ်ရာများ ရရှိခဲသည်။
ထို့အတူ ဦးကျော်မျိုးဟိန်း မောင်းနှင်
လာသည့် (တာချီလိတ်-မိတ္ထီလာ)ခရီးသည်တင်
မော်တော်ယာဉ်ပေါ်
မှ
ခရီးသည် ငါးဦးဖြစ်သည့် မပန်းအိလှိုင်၊ မခင်မမ၊ မခင်ရတီထွန်း၊ ကိုရန်နိုင်
နှင့် မ၀ါဝါစိုး
(မစိုးရိမ်ရ) တို့မှာ ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့
သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်အား
အရှိန်ပြင်းစွာ
မဆင်မခြင် မောင်းနှင့်လာသူ ဦးစိုင်းခမ်းမတ် (သေဆုံး)အား အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။
ဝေယံလင်း