#တာချီလိတ် စက်တင်ဘာ (၂၃)
ပြည်သူ့ဝန်ဆောင်မှုရုံး အကောင်အထည်ဖော်ရေး
ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် သည့် တာဝန်ရှိသူများနှင့်အတူ တာချီလိတ်
ခရိုင်၊ တာချီလိတ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop (OSS)ရုံးအား လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား ယနေ့ စက်တင်ဘာ ၂၂ ရက်၊
နံနက် ၉ နာရီ က ကြည့်ရှုစစ်ဆေးသည်။
ဒုတိယ၀န်ကြီး သည် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop(OSS)ရုံးတွင် ဖွင့်လှစ်ထားသည့်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံ တင်ရေးဦးစီးဌာန၊
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊
ပြည်တွင်းအခွန်များဦးစီးဌာန ၊ မြို့နယ်
စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီးသတ် ဦးစီးဌာန၊
လူမှုဝန်ထမ်း ဦးစီးဌာန၊ complain
center စသည့်ဌာနများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း
များဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး၊၀န်ထမ်းများ အနေဖြင့် မိမိဌာနလုပ်ငန်းများအပြင် အခြားဌာနများနှင့်လည်း ဆက်စပ်ပေးရန်ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားသည့်
ဌာနများအပြင် ၊ ကျန်ရှိသည့် ဌာနများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊လုပ်ငန်းများဆောင်ရွက်ပေးရာ၌
ပြည်သူများ အမှန်တကယ်ဆောင်ရွက်လိုသည့် လုပ်ငန်းများအား အချိန်အတိုအတွင်း လျှင်မြန်လွယ်ကူစေပြီး၊ အကျိုး
ဖြစ်ထွန်းစေကာ ထိရောက်မှုရှိစေရန် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအား ရေရှည်တည်တံ့စွာ
ဆောင်ရွက်ရန်လို အပ်ကြောင်း
ဌာနအလိုက် အကျယ်တ၀င့် ရှင်းလင်းမှာကြားသည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် အောင်မြတ်ခန်းမ၍ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ နှင့်တွေ့ဆုံပြီး
နိုင်ငံတော်၏ ပြုပြင်ပြောင်း လဲရေးဆောင်ရွက်နေမှုများနှင့် ပြည်သူ့ဝန် ဆောင်မှုရုံး One Stop Shop
(OSS)ရုံး ဖွင့်လှစ်ဆောင် ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူး(စီမံ) ဦးသန်းဆွေဝင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဦး ၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ
၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့်
ဝန်ထမ်းများ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မိုင်းယောင်းမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်
တို့တက် ရောက်ကြောင်းသိရသည်။