တာချီလိတ်
စက်တင်ဘာ ၂၈
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသော
အား ဖြင့် တာချီလိတ်ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့များမှအရာရှိ၊တပ်သားစုစုပေါင်း(၃၂)ဦးတို့က ပြည်သူ့ဆေးရုံ၌
စုပေါင်းသွေးလှူဒါန်းမှုကို စက်တင်ဘာ
၂၇ ရက်၊ နံနက် ၉ နာရီ က ပြုလုပ်သည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတပ်သား(၁၈)ဦး
နှင့် ရေကြောင်းရဲတပ်ဖွဲ့
မှ
(၁၄)ဦး၊ စုစုပေါင်း (၃၂)ဦးတို့
သွေးလှူဒါန်းမှုအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း
နှင့်တာဝန်ရှိ သူများက ကြည့်ရှု အားပေး စကား ပြောကြားပြီး၊ အားဖြည့်စားသောက်ဖွယ်ရာများ
ထောက်ပံ့ပေး အပ် ခဲ့ကြောင်းသိရသည်။
သတင်း
- ဝေယံလင်း
ဓာတ်ပုံ
- ကိုဇောင်း