တာချီလိတ်  အောက်တိုဘာ 
         ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှဦးဆောင်၍ ကြက်ခြေနီ တပ်ဖွဲ့၊ ရွှေတာချီခရီးသွားလုပ်ငန်း နှင့် ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ကျောင်းသား၊ကျောင်းသူများ
 သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ခြင်ဆေးဖျန်းခြင်းကို  ယနေ့ စက်တင်ဘာ ၄ ရက်၊ နံနက် ၇ နာရီခွဲက တာချီလိတ် အခြေခံပညာအထက်တန်းကျောင်းတွင်  ဆောင်ရွက်ကြောင်းသိရသည်။
          အဆိုပါ   ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်     မြို့နယ်စည်ပင်သာယာရေးကော်မတီ
 ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊  အတွင်းရေးမှူး   ဦးကျော်ဇင်၊  အင်ဂျင်နီယာမှူး  ဦးလှမျိုး၊     မြို့နယ်စည်ပင်သာ ယာရေးကော်မတီမှ အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှခရိုင်ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင့် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ၊ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း နှင့် ကျောင်းဆရာ၊ ဆရာမများ၊ ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကြီးကြပ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး
သည်။
          ထိုမှတဆင့်  နံနက် ၉ နာရီခွဲတွင်  ပုန်းထွန် အခြေခံပညာအထက်တန်းကျောင်းခွဲ၌  ခြင်ဆေး ဖျန်းပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးရာ  ကျောင်းအုပ်ဆရာမကြီး  ဒေါ်တင်ဌေးရီ နှင့် ဆရာ၊ ဆရာမ များက ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးကြောင်းသိရသည်။
                                                                                                ဝေယံလင်း










 
Top