တာချီလိတ် အောက်တိုဘာ
၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကျေးရွာနေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊
ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုများ ရရှိပြီး နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သော အခွန်ငွေများ ရရှိစေရေးအတွက်
ကျေးရွာ မြေငှားဂရန်များ ပေးအပ်ပွဲအခမ်းအနားကို
စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးခရိုင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အဖွင့်အမှာစကားပြောကြားပြီး၊ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး
မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး
တို့က စီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် ဖန်မင် ကျေးရွာအုပ်စု၊
မယ်ယန်းကျေးရွာမှ မြေငှားဂရန်လျှောက်ထားသူ(၃၄၉)ဦးအနက် (၂၅၁)ဦးအား မြေငှားဂရန်များ ပေးအပ်ရာ ကျေးရွာပြည်သူများက လက်ခံယူပြီး၊ မယ်ယန်းကျေးရွာနေ ဂရန်ရရှိသူ
ဦးနွဲ့စိန် ကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ မြေငှားဂရန်လျှောက်ထားမှုတွင်
ကျန်ရှိသည့် (၉၈)ဦးအား စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ဝေယံလင်း