မိုင်းဖြတ် အောက်တိုဘာ ၂

          ၂၀၁၅ခုနှစ်၊  နိုဝင်ဘာလ (၈)ရက်တွင်      ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ

 အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ   ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်၊ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်၊ အဖွဲ့ဝင်    ဦးရဲမြင့် (ခရိုင်ဥပဒေအရာရှိ) နှင့် ဦးလှဌေး (ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ)တို့သည့်   အောက်တိုဘာ ၁ ရက်နေ့ ၊ မွန်းလွဲ ၁ နာရီ က မိုင်းဖြတ်မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်  ဦးစိုင်းညွန့်ဝင်း၊  ဦးမောရှည်၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ကြောင်းသိရသည်။
          ညှိနှိုင်းအစည်းအဝေးတွင်  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ က မဲဆန္ဒနယ်မြေအမှတ်(၁)၊အမှတ် (၂)  သတ်မှတ်ခြင်းလုပ်ငန်းများ၊    မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်းတာဝန်များ ထပ်ဆင့်သင်တန်းဖွင့်လှစ်မည့်    အစီ  အစဉ်များ၊ ရွေးကောက်ပွဲအောင်မြင်ရေးလုပ်ငန်းများ၊   မဲဆန္ဒရှင်စာရင်းဆိုင်ရာများ၊ ကြိုတင်မဲပေးမှုဆိုင်ရာများအား ရှင်းလင်းပြောကြား သည်။

          ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းညွှန့်ဝင်း က    မဲဆန္ဒနယ်မြေဆက်စပ်တည် ရှိခြင်းဖြင့်
 ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဆက်ဆံရေးလွယ်ကူနိုင်မှုအခြေအနေ၊ လူဦးရေကွာဟမှုမျှတခြင်း ဆိုင်ရာများနှင့်လမ်းပန်းဆက်သွယ်သွားလာရေးလွယ်ကူနိုင်မှုအခြေအနေများနှင့်စပ်လျဉ်းပြီးရှင်းလင်းဆွေးနွေးသည်။
ယင်းနောက်   ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ၊ အဖွဲ့ဝင်များနှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ အဖွဲ့ဝင်များက  ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်ရေး အတွက်ဆောင်ရွက်ရမည့်လုပ်ငန်းများ အလိုက်

 ဆွေးနွေးပြောကြားခဲ့သည်။
          ဝေယံလင်း








 
Top