တာချီလိတ် အောက်တိုဘာ ၂၀
၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲလုပ်ငန်းများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများ အနေဖြင့် မိုဘိုင်းဖုန်းများမှတဆင့် ရွေးကောက်ပွဲဆိုင်ရာများအား အလွယ်တကူသိရှိနိုင်ရန်တာချီလိတ်ခရိုင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
က မဲပေးစို့ မိုဘိုင်းဖုန်း Apps ရယူနည်း ကြော်ငြာများ
ကို လူစည်ကားရာနေရာများတွင် အောက်တိုဘာ ၁၉
ရက်၊ မွန်းလွဲ ပိုင်းက ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် www.maepaysoh.org
Website မှ mVoter 2015 Mobile Apps ရယူနည်း အဆင့်အဆင့် ကြော်ငြာစာရွက်များအား မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)၊ ပြည်သူ့ဝန်ဆောင်မှုရုံး၊
အဝေးပြေးကားဂိတ်၊ ဆိုင်ကယ်တက္ကစီဂိတ်၊ လဘက်ရည်ဆိုင်များ နှင့် ခရိုင်ရုံးရှိ
မြေစိုက်နံရံကပ်ပြဘုတ်များတွင် ကြော်ငြာချိတ်ဆွဲပေးထားပြီး၊မိုင်းဖြတ်၊
မိုင်းယောင်း၊
တာလေ၊ ကျိုင်းလပ် နှင့် မိုင်းယု မြို့နယ်များရှိ လူစည်ကားရာနေရာများတွင် ချိတ်ဆွဲဆောင် ရွက်ပေးထားကြောင်းသိရသည်။
ဝေယံလင်း