တာချီလိတ်   အောက်တိုဘာ ၂၀
          ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  အထွေထွေရွေးကောက်ပွဲ   အောင်မြင်စွာ ကျင်းပ
 နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန်   အထူးရဲများ၏ လုပ်ငန်းခွင်သင်တန်းကို     အောက်တိုဘာ ၂၀ ရက်၊ နံနက် ၈ နာရီ က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပကြောင်းသိရသည်။
          ရှေးဦးစွာ   ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး  လှမင်း က   သင်တန်းအဖွင့်အမှာစကား   ပြောကြား ရာတွင်  ပြည်ထဲရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ကို ဆောင်ရွက်ရာ၌ လိုအပ် ချက်အရ အထူးရဲတပ်ဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ကြောင်း၊  ရဲတပ်ဖွဲ့ဝင်များနည်းတူ လစာ၊ ရိက္ခာ၊ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့်အညီ စိတ်ဝင်စားစွာ   လေ့လာသင် ယူကြရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်မည့်ကာလအတွင်းတာဝန်ကျေပွန်သည့်ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အထူးအလေးထား ဆောင်ရွက်ကြရန် ပြောကြားသည်။

          အဆိုပါသင်တန်းတွင်   ရွေးကောက်ပွဲ ကာလအတွင်း အထူးရဲများ၏ တာဝန်နှင့်ဝတ္တရားများ၊  ရွေးကောက် ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများ၊  လက်နက်မဲ့စစ်ရေးပြ၊ ရဲကျင့်ဝတ်၊ လူ့အခွင့်အရေး၊    ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ သတင်းမီဒီယာကျင့်ဝတ်၊ ပြစ်မှုအမျိုးအစား၊  ပြစ်မှုဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ၊ ပြည်သူလူထု   ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းအား  အောက်တိုဘာ၂၀ရက်မှ ၃၁ ရက်နေ့အထိဖွင့်လှစ်ကာ  အထူးရဲ (၅၈)ဦး  တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
                                                                                                                   ဝေယံလင်း







 
Top