တာချီလိတ် အောက်တိုဘာ
၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊
ရှမ်းပြည်နယ်တာဝန်ခံ ဦးစိုင်းနွံတောင်း သည် ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေးမိုင်းဖြတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ
အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲကို အောက်တိုဘာ ၂၀ ရက်၊ နံနက် ၉ နာရီခွဲက ဘုရင့်နောင် ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်တာဝန်ခံ
ဦးစိုင်းနွံတောင်း က ရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်စွာ ကျင်းပနိုင်ရေး
အဖွင့်အမှာစကားပြော ကြားသည်။ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလုံးရှဲန် က
ကြိုတင်မဲဆိုင်ရာများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏
လုပ်ငန်းစဉ်များကိုလည်းကောင်း ၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် က ရွေးကောက်ပွဲအကြိုကာလ၊
ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလများတွင်
ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့်
က မဲဆန္ဒနယ်မြေခွဲခြားမှု ၊ ကြိုတင်မဲပေးခြင်း
၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းပေးမှုအခြေအနေ နှင့် မဲစာရင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း
ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများ
နှင့် မြို့နယ်ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲမှ
အဖွဲ့ဝင် များက သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားပြီး၊ ပြည်ထောင် စုရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ဝင် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။