တာချီလိတ် အောက်တိုဘာ
၁၃
ပြည်ထဲရေးဝန်ကြီးဌာန(လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့)၊
ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန နှင့် ဝေါလ်ဗီရှင်မြန်မာ(ရန်ကုန်)တို့
ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ
၁၂ ရက်၊ နံနက် ၉ နာရီ က တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ ၌ ကျင်းပပြုလုပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
လှမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ
များ၊ ဟိုတယ်လုပ်ငန်းရှင်များ နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။
ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်
က အဖွင့် အမှာစကားပြောကြားပြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ကိုယ်စား
နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ညွှန်ကြားရေးမှူး ရဲမှူးကြီး
ဥမ္မာရင်မီ က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်နေသည့်
လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝေါလ်ဗီရှင်မြန်မာ၊ ဇုန်နယ်မန်နေဂျာ ဦးစရီးလို
က ဝေါလ်ဗီရှင်မြန်မာ နှင့် CRC လုပ်ငန်းစဉ် ဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး၊ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်
က လူ ကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများအား ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နိဂုံးချုပ်ပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ ရဲမှူးကြီး ဥမ္မာရင်မီ က ကလေးသူငယ်များအား
စီးပွားရေး အရ လိင်မှုဆိုင်ရာခေါင်းပုံဖြတ်ခြင်းနှင့်
အင်ဒိုနီးရှားကျွန်းများပေါ်တွင် လုပ်အားခေါင်းပုံဖြတ်ခြင်း ခံရသည့် မြန်မာရေ လုပ်သားများအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊
ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဥာဏ်မြတ်မင်း
က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ
ကိုလည်းကောင်း၊ ဝေါလ်ဗီရှင်မြန်မာ(ရန်ကုန်)မှ
Program Coordinator ဦးမြင့်မောင်မောင် က မြန်မာနိုင်ငံလူ
ကုန်ကူးမှုဖြစ်စဉ်များအားလည်းကောင်း၊ Project Officer
ဒေါ်ဌေးဌေးမြင့် က လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံခဲ့ရသော ကလေးများဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များကိုလည်းကောင်း၊
ILO အဖွဲ့စည်းမှ Project Officer စောဆာကပေါ
က အဆိုးရွားဆုံးပုံစံဖြင့်
ကလေးအလုပ်သမားများဆိုင်ရာအကြောင်းကိုလည်း
ကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာသူများမှ
လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများအား စုဖွဲ့ တင်ပြခြင်းနှင့်
ဆွေးနွေးခြင်းများဆောင်ရွက်သည်။
အဆိုပါ
အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်ပိုင်ရှင်များနှင့်
ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် နှင့်ကျေး ရွာလူကုန်ကူးမှုစောင့်ကြည့်ရေးအဖွဲ့များ၊
ခရိုင်နှင့်မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။
ဝေယံလင်း