တာချီလိတ် အောက်တိုဘာ
၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
မှ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းတာဝန်များပညာပေးသင်တန်း ဖွင့်ပွဲကို ယနေ့ အောက်တိုဘာ
၁၀ ရက်၊ နံနက် ၉ နာရီက အောင်မြတ်ခန်းမ၌
ကျင်းပပြုလုပ်ကြောင်း သိရသည်။ ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် က အဖွင့်အမှာစကားပြောကြား ရာတွင် လွတ်လပ်၍
ပွင့်လင်းမြင်သာပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူး
အဓိက ကျသည့် လုပ်ငန်းတာဝန်များဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ဥပဒေ ၊ နည်းဥပဒေ၊လုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ ပဠိပက္ခများ၊
ပြဿနာများ ပေါ်ပေါက်လာပါက ဥပဒေနှင့်အညီ
ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်၍ သင်တန်းတွင်
အထူးအလေးထားသင်ယူသွားရန် လိုအပ်ကြောင်း
ပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးထိန်မင်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ၊ အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ကျော်လင်းက သင်တန်းစည်းကမ်းချက် များအား
ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ မဲရုံ(၅၈)ရုံတွင် မဲရုံမှူး ၊ ဒုတိယမဲရုံမှူးတာဝန်ထမ်းဆောင်
မည့် ပညာရေး၊ ကျန်းမာရေး နှင့် ဌာနဆိုင်ရာများမှ
ဝန်ထမ်း(၁၁၆)ဦး တို့ တက်ရောက်ပြီး၊ သင်တန်းကို
၁၀-၁၀-၂၀၁၅ ရက်နေ့မှ ၁၁-၁၀-၂၀၁၅ရက်နေ့အထိ လက်တွေ့မဲပေးနည်းသရုပ်ပြများနှင့်အတူ ဖွင့်လှစ်သင်ကြားသွားမည်
ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း