တာချီလိတ် အောက်တိုဘာ
၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း
ကျေးရွာ(၂၁)ရွာအနက် ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊
နမ့်ဖြန်ကျေးရွာတွင် မြစိမ်းရောင် ရန်ပုံငွေ ကျပ်သိန်း(၃၀၀)လွှဲပြောင်းပေးအပ် ပွဲကို အောက်တိုဘာ ၇ ရက်၊ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း က မြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့်စပ်လျဉ်းပြီး
ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင်က
မြစိမ်းရောင်ရန်ပုံငွေကျပ်သိန်း(၃၀၀)အား ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ သို့
လွှဲပြောင်းပေး
အပ်ပြီး၊ ကျေးရွာနေပြည်သူတစ်ဦးက
ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
ဝေယံလင်း