မိုင်းယောင်း အောက်တိုဘာ
၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
မိုင်းယောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ကျေးရွာများတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆိုလာမီးများတပ်ဆင်ခြင်း လုပ်ငန်းများကို အောက်တိုဘာ
၃၀ ရက်နေ့က ကျေးရွာများ၌ ကွင်းဆင်း
ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုး နှင့် ၀န်ထမ်းများ၊
ဇမ္ဗူရာဇ်ပုလဲစွမ်းအင်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများကပါမန်းကျေးရွာတွင်
ဆိုလာမီး(၅၁)စုံ၊ ပါလောင်းကျေးရွာတွင်
(၂၁)စုံ၊ ကျန်းတောင်းကျေးရွာတွင် (၁၆)စုံ၊ ဟွေဖကျေးရွာတွင် (၁၃)စုံ၊ ၀မ်အင်ကျေးရွာတွင် (၁၅)စုံ၊ မုန်းလိုက်ကျေးရွာတွင်
(၃၇)စုံ၊ မိုင်းဟန်ကျေးရွာတွင် (၂၂)စုံ နှင့် တာလွယ်ကျေးရွာတွင် (၇၂)စုံ စုစုပေါင်း
ကျေးရွာ (၈)ရွာ၌ ဆိုလာမီး (၂၄၇)စုံ တန်ဖိုးငွေကျပ်(၄၉.၄)သန်း
ဖြင့် တပ်ဆင်ပေးခြင်းဖြစ်သည်။
ယင်းသို့ ကျေးရွာများတွင် ဆိုလာမီးများဖြင့် မီးလင်းရေး စီစဉ်ဆောင်ရွက်ပေး၍ ကျေးလက်နေ
ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးသဖြင့်
ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိကြောင်း သိရသည်။
စိုင်းဇော်လင်း