တာချီလိတ်  အောက်တိုဘာ  ၃၁
          ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်ရေး အတွက် 
 ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ      လုပ်ငန်းများဆောင်ရွက်ရန်   အထူးရဲများ၏ လုပ်ငန်းခွင်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၃၁ ရက် ၊ နံနက်  ၉ နာရီက တာချီလိတ်မြို့၊  ရွှေဗူးသီး ဟိုတယ် ရှိ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ  မြို့နယ်ရဲတပ်ဖွဲ့မှူး   ရဲမှူး  သိန်းထွန်းဦး က       သင်တန်းဆင်း အမှာစကားပြောကြားသည်။
          သင်တန်းတွင်  အထူးရဲများ၏  တာဝန်နှင့်ဝတ္တရားများ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လက်နက်မဲ့ စစ်ရေးပြ၊ ရဲကျင့်ဝတ်၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ သတင်း မီဒီယာကျင့်ဝတ်၊ ပြစ်မှုအမျိုးအစား၊ ပြစ်မှုဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ၊ပြည်သူလူထု  ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစနစ်ဘာသာရပ်များ   ကို      အထူးရဲ(၅၈)ဦးတို့အား  အောက်တိုဘာလ ၂၀ ရက် မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ   ဖွင့်လှစ် သင်ကြားပေးခဲ့ သည်။
          အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးထိန်မင်း  နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေး အထောက်အကူပြုကော်မတီ   ဥက္ကဋ္ဌ  ဦးကြည်မြင့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ  ဦးစိုင်းကျော်ဇံ နှင့်အဖွဲ့ဝင်များ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် သတင်းမီဒီယာများ တက်ရောက်ကြောင်း သိရသည်။
                                                                                                          ဝေယံလင်း








 
Top