မိုင်းယု အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
မိုင်းယုမြို့၊ မြို့မရပ်ကွက်တွင် မြို့ပတ်လမ်းတစ်လျှောက်
ဒေသခံ တိုင်းရင်းသူပြည်သူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ် များအား ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့
အောက်တိုဘာ ၂၉ ရက်၊ နံနက် ၉ နာရီ က
ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို မြို့ပေါ်နှင့်
ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း(၁၆)
ကျောင်းမှ
ဆရာတော်၊ သံဃာတော်(၁၆၀)အား ဆွမ်းဆန်စိမ်း၊
အလှူငွေ နှင့် လှူဖွယ်ပစ္စည်းများကို မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျောက်စံနွန်း
က ဦးဆောင်၍ တိုင်းရင်းသားပြည်သူများက စည်ကား သိုက်မြိုက်စွာ စုပေါင်း လောင်းလှူခဲ့ကြောင်းသိရသည်။
ကိုကိုနိုင်(မိုင်းယု)