တာချီလိတ် အောက်တိုဘာ
၂၈
၁၃၇၇ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့၊ အောက်တိုဘာ
၂၈ ရက်၊ ညနေ ၆ နာရီ က တာချီလိတ်ရွှေတိဂုံ စေတီတော် ရင်ပြင် တွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ နှင့် ပြည်သူများ စုပေါင်း၍ ဆီမီးတစ်ထောင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့သည်။
ဆီးမီးတစ်ထောင်ပူဇော်ပွဲ သို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင် နှင့် မြို့နယ် ဌာနဆိုင်ရာများ၊
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်အဖွဲ့ဝင်များ၊
မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ
နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
လူမှုရေးအသင်းအဖွဲ့များ ၊ ပဌာန်ဒေသနာတော်ဝတ်ရွတ်အသင်းများ နှင့် တိုင်းရင်းသားပြည်သူများက
စုပေါင်းပါဝင် ဆီမီးပူဇော်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း