တာချီလိတ် အောက်တိုဘာ
၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သည့်
သီတင်းကျွတ် လပြည့်နေ့၊ အဘိဓမ္မာ အခါတော်နေ့
အထိမ်းအမှတ် ပဌာန်းဒေသနာတော် အကောင်းဆုံးရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုရ ၀တ်ရွတ်အသင်းများအား
ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာ
၂၈ ရက်၊ ညနေ ၄ နာရီ က တာချီလိတ်ရွှေတိဂုံစေတီတော်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ ဆုများချီးမြှင့်ခြင်းကျင်းပရာ ပထမဆုရ
အလင်းရောင်ပရဟိတ ၀တ်ရွတ်အသင်းအား ချီးမြင့်ငွေကျပ် (၃)သိန်းကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား၊ ခရိုင်ရဲတပ်ဖွဲ့အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်စန်းစန်းရီ
ကလည်းကောင်း၊ ဒုတိယဆုရ အထက-တာချီလိတ်ဝတ်ရွတ်အသင်းအား ချီးမြှင့်ငွေကျပ်(၂)သိန်းကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းဝိုးလှိုင် ကလည်းကောင်း၊ တတိယဆုရ ဂေါ်ရခါးမဂ္ဂင် ရိပ်သာ အသင်း နှင့် အထက- ဆန်ဆိုင်းဝတ်ရွတ်အသင်း တို့အား ချီးမြှင့်ငွေကျပ်(၁)သိန်းကို ခရိုင်အလုပ်အမှုဆောင်
ဒေါ်နန်းမွေ
က လည်းကောင်း၊ ယှဉ်ပြိုင်ဆုရအသင်းများ၊ ဘုရားပင့်အကောင်းဆုံးဆု၊ ပဌာန်းအမွှန်း
အကောင်းဆုံးဆု နှင့် နှစ်သိမ့်ဆုရ ၀တ်ရွတ်အသင်းများအား
တာဝန်ရှိသူများ က ဆုများချီးမြှင့်ပေးသည်။ ထို့အတူ ပြိုင်ပွဲဝင် ၀တ်ရွတ် အသင်းများအား စေတနာရှင် အလှူရှင်များ
နှင့် ၀မ်ကောင်း ရပ်ကွက်ရှိ
တောင်တန်းသာသနာပြု(ဗဟို) ၀န်ထမ်းကုန်း ကျောင်းတိုက် ဆရာတော်
တို့က ဆုများထပ်မံချီးမြှင့်ပေး သည်။
အဆိုပါ ပဌာန်းဒေသနာတော်ပြိုင်ပွဲအား လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာအထက် တန်းကျောင်းများ၊မြို့ပေါ်ရပ်ကွက်များ
နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှပြိုင်ပွဲဝင်ဝတ်ရွတ်အသင်း(၁၄)တို့က အောက်တိုဘာ
၂၃ရက် မှ အောက်တိုဘာ ၂၇ ရက်နေ့အထိ မြို့နယ်ဓမ္မာရုံတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်
ကြောင်းသိရသည်။
ဝေယံလင်း