တာချီလိတ် အောက်တိုဘာ
၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ
က ကြီးမှူး၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ အောက်တိုဘာ
၂၆ ရက်၊ နံနက် ၁၀ နာရီခွဲက
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ
ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က
အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီ
အတွင်းရေးမှူး ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှူး ဦးမင်းသိမ်း က ဒေသန္တရစီမံကိန်းရေးဆွဲရာ
တွင် ထည့်သွင်းရေးဆွဲရမည့် လုပ်ငန်းစဉ် များနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း က စီမံကိန်းရေးဆွဲရာ၌ မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး
လိုအပ်နေသည့် လမ်း၊တံတား နှင့် ရေရရှိရေးလုပ်ငန်းများ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊
မြို့နယ်စည်ပင်သာယာ
ရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ နှင့်
လူမှုအဖွဲ့အစည်းများက ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အကောင်အထည်ဖော်ဆောင်ရွက် နေသည့်လုပ်ငန်းများနှင့်
၂၀၁၆ - ၂၀၁၇ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များအား စီမံကိန်းရေးဆွဲရာ တွင် ထည့်သွင်းရေးဆွဲမည့် အစီအစဉ်များကို အသီးသီးရှင်းလင်း တင်ပြသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး က တင်ပြချက်များနှင့်စပ်လျဉ်းပြီး
ဒေသန္တရစီမံကိန်းရေးဆွဲရာတွင်
ပြည်သူဗဟိုပြု၍
လုပ်ငန်းများအား အလေးအနက်ထားပြီး ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်း
များ ရေရှည်တည်တံ့ ရေးတို့ကိုထည့်သွင်းစဉ်းစားရေးဆွဲရန်နိဂုံးချုပ်ပြောကြားခဲ့ကြောင်းသိရသည်။
ဝေယံလင်း