တာချီလိတ်   အောက်တိုဘာ  ၂၅
          မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့နှင့် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းစည်းရုံးရေးကော်မတီ တို့က  မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏   သား၊ သမီး ကျောင်းသား၊ကျောင်းသူများအတွက် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ငွေ၊  အသက်(၇၀)နှစ် အထက် သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မသန်စွမ်းစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား     ထောက်ပံ့ငွေ ပေးအပ်ပွဲကို   ယနေ့   အောက်တိုဘာ  ၂၅ ရက်၊ နံနက်  ၉ နာရီ ခွဲက  အောင်မြတ်ခန်းမ၌  ကျင်းပသည်။
          ရှေးဦးစွာ  မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ဂုဏ်ထူးဆောင်နာယက  စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီး ဇော်မင်းထွန်း  က  မြို့နယ်စစ်မှုထမ်းဟောင်းစည်းရုံးရေးကော်မတီ အနေဖြင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)နှင့် ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့တို့၏ လမ်းညွှန်ကြီးကြပ်မှုများနှင့်အညီ လူမှုရေး၊ သက်သာချောင်ချိရေး နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား     ထိထိရောက်ရောက် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊  တိုင်းပြည်နှင့် 
လူမျိုးအတွက်  ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝခိုင်မာ စွာ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ စဉ်ဆက် မပြတ် အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်     မြို့နယ် စစ်မှုထမ်းဟောင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ကြီးကျော်ဇင်(ငြိမ်း)က  ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် 
စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
          ဆက်လက်၍  ထောက်ပံ့ငွေများပေးအပ်ရာ  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘောဂဗေဒဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပုန်းထွန်နယ်မြေမှ တပ်ကြပ်ကြီး အောင်မင်း(ငြိမ်း)၏ သမီး မယွန်းလဲ့အောင်  အား  ဂုဏ်ပြု ထောက်ပံ့ငွေကျပ်( ၂၂၀၀၀၀ )ကိုလည်းကောင်း၊တက္ကသိုလ်အဆင့် ကျောင်းသား၊ကျောင်းသူ 
(၁၈)ဦး အတွက်  ထောက်ပံ့ငွေကျပ်(၈၁၀၀၀၀)ကိုလည်းကောင်း၊  ၂၀၁၄-၂၀၁၅ပညာသင်နှစ်တက္ကသိုလ် 
ဝင်စာမေးပွဲ အောင်မြင်သူ ကျောင်းသားကျောင်းသူ(၈)ဦး အတွက် ငွေကျပ်(၁၆၀၀၀၀)ကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ပညာသင်နှစ်အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၇၂)ဦးအတွက် ထောက်ပံ့ငွေကျပ် 
(၃၈၅၅၀၀၀)၊အလယ်တန်းအဆင့်ကျောင်း သားကျောင်းသူ(၆၄)ဦးအတွက် ငွေကျပ်(၂၅၁၀၀၀၀) နှင့် မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူ(၄၃)ဦးအတွက် ငွေကျပ်(၁၁၅၀၀၀၀)ကိုလည်းကောင်း၊အသက်(၇၅)နှစ်အထက်သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၂၆)ဦးအတွက် ငွေကျပ်(၁၀၄၀၀၀၀) နှင့် အသက်(၇၀)နှစ်အထက်အဖွဲ့ဝင်(၂၆)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၂၀၀၀၀)ကိုလည်း ကောင်း၊မသန်စွမ်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၁၅)ဦးအတွက် ငွေကျပ်(၆၀၀၀၀၀)ကိုလည်းကောင်း၊ပုန်းထွန်နယ်မြေ နှင့် အမှုဆောင်အဖွဲ့များကတက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာအောင်မြင်ခဲ့သူမယွန်းလဲ့အောင်အား ထောက်ပံ့ငွေ
 ကျပ်(၁၄၀၀၀၀)တို့ကို  တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ 
  နှင့်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား  ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
          ယင်းအခမ်းအနားတွင်   မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟို)မှ ငွေကျပ်(၂၇၁၀၀၀၀)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ်(၃၁၇၅၀၀၀) နှင့် မြို့နယ်စစ်မှု ထမ်းဟောင်းစည်းရုံးရေး ကော်မတီ မှ ငွေကျပ်(၄၉၃၀၀၀၀)၊ စုစုပေါင်းငွေကျပ်(၁၀၈၁၅၀၀၀)
 ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။
                                                                                                          ဝေယံလင်း


















 
Top