တာချီလိတ် အောက်တိုဘာ
၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင်၂၀၁၅၂၀၁၆ခုနှစ်၊ပညာသင်နှစ်အခြေခံပညာကျောင်း
များရှိ အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ၏
အရည်အသွေးမြှင့်တင်နိုင်ရေး ဘာသာရပ်ဆွေးနွေး ပွဲ သင်တန်း
ဖွင့်ပွဲကို ယနေ့ အောက်တိုဘာ
၂၅ ရက်၊ နံနက် ၉ နာရီ ခွဲက တာချီလိတ်အခြေခံပညာ အထက်တန်းကျောင်း၊
ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်အမှာ စကားပြောကြားရာတွင် အနာဂတ်တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုလာမည့် တပည့်များ အား
ပညာအမွေ ပြည့်ပြည့်၀၀ပေးနိုင်ရေးအတွက် ချစ်ခင်မြတ်နိုးမှု သုံးခုဖြင့် လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း
၊ယင်းသုံးခုမှာမိမိတို့၏တပည့်များအား ကောင်းစွာချစ်ခင်မြတ်နိုးပြီး မေတ္တာ၊ကရုဏာ၊ စေတနာ၊
စာနာထောက်ထားမှု ဆိုသည့် စိတ်ဓာတ်အရင်းခံထားပြီး
သင်ကြား၊ပြသ၊ ဆုံးမပေးဖို့လိုကြောင်း၊ဆရာများ
သည်
ထာဝရကျောင်းသားဖြစ်သည်နှင့် အညီ တိုးတက်နေသည့်သင်ကြားသင်ယူမှုဆိုင်ရာ
အတတ်ပညာ များကို စဉ်ဆက်မပြတ် ဆည်းပူးနေကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ မြတ်ဆရာဘ၀၏ ဆရာအသက်မွေး ၀မ်းကျောင်းအတတ်(
Teaching Profession)ကိုကျွမ်းကျင် တတ်မြောက်ထားရန်လိုအပ်မှာဖြစ်ကြောင်း
၊ ထို့အတွက် ဆရာ၊ ဆရာမများအနေဖြင့် ချစ်ခင်မြတ်နိုးမှု သုံခုဖြင့် ပြည့်စုံအောင်ကြိုးစားသင်ယူသွားကြပြီး
၊
တပည့်များ စံနမူနာပြဆရာများဖြစ်ရေး ကျင့်ကြံနေထိုင်ဆောင်ရွက်သွား
ကြရန်ထည့်သွင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ က အလယ်တန်းအဆင့် ဆရာ၊ဆရာမများ အရည်အသွေး မြှင့်တင်ရေး
ဘာသာရပ်ဆွေးနွေးပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲအား တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊
မိုင်းတုံမြို့နယ်များမှ အလယ်တန်း ပြဆရာ၊ ဆရာမသင်တန်းသား(၅၇)ဦးတက်ရောက်ပြီး၊
သင်တန်းအား ၂၅-၁၀-၂၀၁၅ရ က်နေ့ မှ ၃၀-၁၀-၂၀၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း