တာချီလိတ် အောက်တိုဘာ
၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊
တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က အထူးအထွက်တိုး ပုလဲသွယ်စပ်မျိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ ၂၄ ရက်၊ နံနက် ၇ နာရီခွဲက မိုင်းကိုးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ်(၁)
၊ တောင်သူ ဦးကျလော ၏ အထူးအထွက်တိုးပုလဲသွယ်စပ်မျိုးစပါး GAP စံပြ စိုက်ကွက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်
က ပုလဲသွယ်စပ်မျိုး
မိုးစပါး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ၊ ပျိုးထောင်စိုက်ပျိုးမှု၊ သွင်းအားစုများထည့်သွင်းမှု၊ပိုးသတ်ဆေးသုံးစွဲမှုနှင့် စံကွက်ရိတ်သိမ်းမည့်
အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်စံကွက်ရိတ်သိမ်းရာတစ်ဧကအစိုအထွက်နှုန်း(၂၁၆.၈၄)တင်း၊အခြောက်အထွက်နှုန်း(၁၉၉.၅)တင်း
ထွက်ရှိသည်။
စံကွက်ရိတ်သိမ်းရာသို့ ခရိုင်ပိုးမွှားတာဝန်ခံ ဒေါ်သီတာရွှေ၊ ခရိုင်မျိုးစေ့တာဝန်ခံ
ဦးအေးကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးကျော်နန္ဒ နှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး
နှင့် တောင်သူများ စုစုပေါင်း (၇၀)ဦးတက်ရောက်ခဲ့သည်။
အဆိုပါ
ပုလဲသွယ်စပ်မျိုးစပါးမှာ ပင်ပွားနှုန်းကောင်းမွန်ခြင်းနှင့်စပါးအထွက်နှုန်း
ပိုမိုထွက်ရှိသဖြင့် ဒေသခံ တောင်သူများက အထူးနှစ်သက်လျက်ရှိကြောင်း သိရသည်။
ဝေယံလင်း