မိုင်းယောင်း အောက်တိုဘာ
၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ နိုဝင်ဘာ
၈ ရက်နေ့ တွင် ကျင်းပမည့်
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို
အောက်တိုဘာ
၂၄ ရက်၊ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ
တွင် ကျင်းပကြောင်းသိရ သည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် က အဖွင့်အမှာစကားပြောကြား
ရာတွင် အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာရှိသည့်
ရွေးကောက်ပွဲဖြစ်ရေး၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ
ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များအား ကော်မရှင်အဖွဲ့ဝင်များက
သိရှိ နားလည်ဆောင်ရွက်ရန်လိုကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး ၊ မဲရုံအဖွဲ့ဝင်များ၏
လုပ်ငန်းတာဝန်များ နှင့် ကြိုတင်ဆန္ဒမဲများ အား စနစ်တကျဖြစ်ရေးတို့နှင့် စပ်လျဉ်းပြီး ပြောကြားသည်။
ထို့နောက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် က မဲရုံများ၏ ဆက်သွယ်ရေးနှင့်
လုံခြုံရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသိန်းက
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်
ထားရှိမှုအခြေအနေများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကိုလည်းကောင်း၊ အဖွဲ့ဝင်များက
သိရှိလိုသည်များကိုလည်းကောင်း ဆွေးနွေးရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ က ပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်ပေးသည်။
အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ အဖွဲ့ဝင်များဖြစ်သည့်
ဦးစိန်ထွန်းလှ၊ ဦးလှဝင်း ၊ ဦးစိုင်းဆိုင်ကျောက်၊ ဦးဆင်မြူရယ်
နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များတက်ရောက် ကြောင်း သိရသည်။
စိုင်းဇော်လင်း