မိုင်းယောင်း အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
မိုင်းယောင်းမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်
(NCA) လက်မှတ်ရေးထိုးခြင်းအား ဒေသခံတိုင်းရင်းသားပြည်သူများ
က ထောက်ခံသည့် အခမ်းအနားကို အောက်တိုဘာ
၂၃ ရက်၊ နံနက် ၉ နာရီ က မြို့မအားကစားကွင်း၌
ကျင်းပသည်။
အခမ်းအနား တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရှမ်းတိုင်းရင်းသား ဦးစိုင်းစောတင် က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသူ ဒေါ်နန်းမြမြလွင် နှင့် ရှမ်းတိုင်းရင်းသား ဦးစိုင်းခမ်းလူ တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အောင်မြင်စွာလက်မှတ် ရေးထိုးခြင်းကို
ထောက်ခံခြင်းအဆိုအားလည်းကောင်း၊ ဦးစိုင်းခန်
က ထောက်ခံကြိုဆိုခြင်း အဆိုကို တင်သွင်းကြပြီး၊ သဘာပတိက တက်ရောက်လာသူများ၏ ထောက်ခံသဘော
တူညီ ခြင်းကို တောင်းခံရယူရာ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများက တစ်ခဲနက်ထောက်ခံ ခဲ့ကြ သည်။
ယင်းနောက် မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်မှ ရှမ်း၊ အာခါ၊ လားဟူ
တိုင်းရင်းသားများပါဝင်သော တိုင်းရင်းသား ပြည်သူများ က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်
လက်မှတ်ရေး
ထိုးခြင်းကို ဂုဏ်ပြု ကြေညာခြင်း၊ စာချုပ်ပါ သဘောတူညီချက်များအား အောင်မြင်စွာ
အကောင်အထည်
ဖော်ရေး၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေး
နှင့် ဖွံ့ဖြိုး တိုးတက်ရေး ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)
အား အောင်မြင်စွာ လက်မှတ် ရေးထိုးခြင်းကို
ထောက်ခံပါသည် စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း
သိရသည်။
စိုင်းဇော်လင်း