မိုင်းဖြတ်
အောက်တိုဘာ
၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊
မိုင်းဖြတ်မြို့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်းအား
ထောက်ခံပွဲအခမ်းအနားကို
အောက်တိုဘာ ၂၃ ရက် ၊
နံနက် ၇ နာရီက ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း အား ထောက်ခံသည့် အခမ်းအနားသို့ ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့များ၊ မိုင်းဖြတ်အုပ်စုရှိ ရှမ်း၊ အာခါ၊ လားဟူ
တိုင်းရင်းသားများပါဝင်သော ပြည်သူအင်အား (၁၅၀)ဦးကျော် ပါဝင်သည့်စစ်ကြောင်းသည် ဟိုနားဘုန်းကြီး
ကျောင်းရှေ့စုရပ်(၁)မှ လည်းကောင်း၊ မြို့ပေါ်ရှိ(၃)ရပ်ကွက်မှ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသား များပါဝင်သော အင်အား(၁၅၀)ဦးကျော်ပါဝင်သည့် စစ်ကြောင်းသည် ဝမ်မိုင်မြို့မ အားကစား
ကွင်းစုရပ်(၂)မှ လည်းကောင်း ၊ စုစုပေါင်းပြည်သူ့အင်အား(၃၀၀)ဦးကျော်သည်
ပြည်ထောင်စု လမ်းမကြီး အတိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်းကို ဂုဏ်ပြုကြေညာခြင်း၊ စာချုပ်ပါသဘောတူညီချက်များ အားအောင်မြင်စွာ အကောင်အထည်ဖော်ရေး၊
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အား အောင်မြင်စွာ လက်မှတ်ရေး
ထိုးခြင်းကို ထောက်ခံပါသည်
စသည့် လက်ကိုင်ပိုစတာများကို ကိုင်ဆောင်၍ကြွေး ကြော်သံ (၆)ချက်ဖြင့်
ဘုရင့်နောင်ခန်းမသို့
ကြွေးကြော်ချီတက်စုစည်းရောက်ရှိကြသည်။
ဆက်လက်၍ အခမ်းအနားကျင်းပရာ အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ
အာခါတိုင်းရင်းသား ဦးအားဆာက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှာစကားပြောကြားသည်။ ထို့နောက်
လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အာခါတိုင်းရင်းသား ဦးမိုးဒေ က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူ စာချုပ်(NCA) အောင်မြင်စွာလက်မှတ်ရေးထိုးခြင်းကို ထောက်ခံသည့်အဆိုကိုတင်သွင်းပြီး
အာခါစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အာခါတိုင်းရင်းသား ဦးအားတေ က ထောက်ခံသည့်အဆို တင်သွင်းမှုအပေါ် ထောက်ခံ
ဆွေးနွေးသည်။ ယင်းနောက် သဘာပတိက တက်ရောက်လာသူများ၏ ထောက်ခံသဘောတူညီခြင်း ကို
တောင်းခံရယူရာ တက်ရောက် လာကြသော ဒေသခံတိုင်းရင်းသားပြည်သူများက တစ်ခဲနက်ထောက်ခံ ခဲ့ကြပြီး၊
အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရှောလမွန်