မိုင်းယောင်း နိုဝင်ဘာ
၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊
မိုင်းယောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကကြီးမှူး၍ မဲရုံအဖွဲ့ဝင်များတာဝန်ပေးအပ်ခြင်းနှင့်
မဲပေးနည်းလက်တွေ့သရုပ်ပြဆောင် ရွက်ခြင်းကို
နိုဝင်ဘာ ၂ ရက်၊ နံနက် ၉
နာရီက မြို့နယ်ထေရ၀ါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်ရှိ သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသိန်း ကအဖွင့်အမှာ စကားပြောကြား ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ အဖွဲ့ဝင်များက မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ
တာဝန်ပေးအပ် ခြင်း၊ မဲရုံအတွင်း သုံးစွဲရမည့် မဲရုံသုံးပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း
နှင့် မြန်မာသတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊သိမှတ်ဖွယ်ရာ
လမ်းညွှန်ချက်များအား ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းပြောကြားသည်။
နှင့် မြန်မာသတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊သိမှတ်ဖွယ်ရာ
လမ်းညွှန်ချက်များအား ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းပြောကြားသည်။
ထို့နောက် မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်မည့်သူများက သိရှိလိုသည် များ မေးမြန်းရာတာဝန်ရှိသူများက ဖြေကြားပြီး၊
ကျောင်းဝင်းအတွင်း၌ ပြည်သူများရှေ့၌မဲပေးနည်းလက်တွေ့
သရုပ်ပြခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သရုပ်ပြခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။