မိုင်းယု နိုဝင်ဘာ
၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
မိုင်းယုမြို့တွင် အထွေထွေရွေးကောက်ပွဲလုပ်ငန်းများ
အောင်မြင် ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ
၏ လုပ်ငန်းတာဝန်များ၊ လက်တွေ့မဲပေးနည်း သရုပ်ပြဆောင်ရွက် ခြင်းတို့ကို ယနေ့ နိုဝင်ဘာ
၃ ရက်၊ နံနက် ၉ နာရီက ပညာလင်္ကာဘုန်းတော်ကြီး
ကျောင်းတိုက်၌
ကျင်းပသည်။
ရှေးဦးစွာ မိုင်းယောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ ဦးစံသိန်း က မဲရုံမှူး၊
ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များအား
ရှင်းလင်းပြောကြားပြီး၊ အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်ဆန်းဦး၊
ဦးမြင့်ဦးလွင် နှင့် ကျော်ကျော်မိုး တို့ကမဲရုံတွင်အသုံးပြုရမည့်ပစ္စည်းများ၊ပုံစံစာရင်းများနှင့်
စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မဲရုံမှူး၊ဒုမဲရုံမှူးများ နှင့်မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များ၊မဲရုံတွင်လက်တွေ့မဲပေးနည်း
သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုကိုနိုင်(မိုင်းယု)