တာချီလိတ် နိုဝင်ဘာ
၅
၂၀၁၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးခြင်းအား လွယ်ကူ လျှင်မြန် အဆင်ပြေစေရေး လက်တွေ့မဲပေးနည်းသရုပ်ပြရှင်းလင်းခြင်းကို နိုဝင်ဘာ ၅ ရက်၊ နံနက် ၉ နာရီက တာချီလိတ်မြို့၊
ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေးရှိ မဲရုံအမှတ်(၃)၌
ကျင်းပကြောင်း သိရသည်။
မဲပေးနည်းသရုပ်ပြဆောင်ရွက်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင်၊
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ
ဦးကြည်ဝင်းမောင်၊ အတွင်းရေးမှူး
ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်
နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း
၊ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး ၊
ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၊ မဲစာရင်း စစ်ဆေးသူများ၊ မဲလက်မှတ်ထုတ်ပေးသူများ
ဆောင်ရွက်မည့် ကျောင်းဆရာ၊ ဆရာမများ၊ မဲရုံလုံခြုံရေးများနှင့် မဲဆန္ဒရှင်ပြည်သူများတက်ရောက်သည်။
ထို့အတူ ရန်အောင်မြေရပ်ကွက်ရှိ အမှတ်(၂)မဲရုံ၊ မိုင်းကိုးကျေးရွာအုပ်စုရှိ အလက-ပန်ဟတ် မဲရုံ၊ တာလေ မြို့ရှိ တာလေ- အထက မဲရုံ နှင့် ကျိုင်းလပ်မြို့ အထက-၀မ်နတ်မဲရုံတို့တွင် မဲပေးနည်းသရုပ်ပြ
ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ဝေယံလင်း