မိုင်းဖြတ်    နိုဝင်ဘာ    
      ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊မိုင်းဖြတ်မြို့နယ်တွင်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ 
ကျင်းပနိုင်ရန်အတွက် ကျေးရွာအုပ်စုများအား ကြီးကြပ်ဆောင်ရွက်ပေးမည့်    ဌာနဆိုင်ရာများ၊      မဲရုံမှူး၊
 ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၏  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ က နိုဝင်ဘာ
 ၅ ရက်၊ မွန်းလွဲ ၂ နာရီက ဘုရင့်နောင်ခန်းမ ၌ ကျင်းပပြုလုပ်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့်၊ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး နှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်သည်။
          ရှေဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့် က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စုများအား ကြီးကြပ်ပေးဆောင်ရွက်မည့် ဌာနဆိုင်ရာများ၊ မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များက လုငန်းတာဝန်များအား ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်း၊ စည်းကမ်း၊ လမ်းညွှန် ချက်များနှင့်အညီ  အလေးထားလိုက်နာဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။
          ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး က မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာများ၊  မဲရုံများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ မဲရုံအလိုက် မဲရုံအဖွဲ့ဝင်များ နှင့် မဲရုံသုံး ပစ္စည်းများစုံလင်မှု ရှိ၊ မရှိ စီစစ်ခြင်း၊ ရွေးကောက်ပွဲစတင်မကျင်းပမီကာလ၊ ကျင်းပနေချိန်ကာလ၊ ကျင်းပပြီးချိန် ကာလအတွင်း ဆောင်ရွက်ရန်များ၊ ထူးခြားချက်ဖြစ်စဉ်များရှိပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးသို့  ဆက်သွယ်သတင်းပို့ရန်ရှင်းလင်းဆွေးနွေးသည်။
          ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေနွေးရာ မြို့နယ်ရွေးကောက်ပွဲ
 ကော်မရှင်အဖွဲ့ခွဲ   ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက   ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
                                                                                                ရှောလမွန်(iprd)



 
Top