တာချီလိတ် နိုဝင်ဘာ
၇
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(ရှမ်းအရှေ့)
မှ အဖွဲ့ဝင် ဦးခင်မောင်ထွန်း သည် တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်၊
အတွင်းရေးမှူး
ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်
နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း ၊
အဖွဲ့ဝင်များ နှင့်အတူ
မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ မဲရုံများ
စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့ နိုဝင်ဘာ
၇ ရက်နေ့က လှည့်လည် ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ထိုသိုလှည့်လည်ကြည်ရှုရာတွင်လွယ်တော်ခမ်းကျေးရွာအုပ်စု၊၀မ်လုံးကျေးရွာအုပ်စု၊ဖန်မင်ကျေးရွာအုပ်စု နှင့်
မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများအား သွားရောက်ကြည့်ရှုကာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲအဆင်ပြေစွာပေးနိုင်ရေး
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း