တာချီလိတ် နိုဝင်ဘာ
၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်များက မိမိတို့ကြိုက်နှစ်သက်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ယနေ့ နိုဝင်ဘာ
၈ ရက်၊ နံနက် ၆ နာရီ က စတင်ပြီး တည်ငြိမ်အေးချမ်း ပွင့်လင်း မြင်သာ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲများ ပေးနေကြပြီဖြစ်သည်။
ယင်းသို့ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်များက
ဆန္ဒမဲများပေးလျက်ရှိရာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲ(ရှမ်းအရှေ့)မှ အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ
ဦးကြည်ဝင်းမောင် ၊ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့်
အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း၊ အတွင်းရေးမှူး
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်
နှင့် အဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များနှင့်
ကျေးရွာအုပ်စုများရှိ မဲရုံများ၌ မဲဆန္ဒရှင်များ
မဲပေးမှု အဆင်ပြေရေး လှည့်လည်ကြည့်ရှု အားပေး သည်။
မြို့နယ်အတွင်းရှိ မဲရုံ(၅၈)ရုံတွင် အေးချမ်းစွာ
ဆန္ဒမဲပေးနေမှုများအား ပြည်တွင်း ၊ ပြည်ပ စောင့်ကြည့် လေ့လာသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏
ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ
အဖွဲ့ဝင်များ၊ သတင်းမီဒီယာ များနှင့် တာဝန်ရှိ သူများက စောင့်ကြည့် လေ့လာလျက်ရှိကြောင်း သိရသည်။
ဝေယံလင်း