တာချီလိတ် နိုဝင်ဘာ
၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ အေးချမ်းတည်ငြိမ်စွာ ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ
လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သည့် အထူးရဲ
တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်၊ မွန်းလွဲ
၁ နာရီက ရွှေဗူးသီး ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး၊
မြို့နယ်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး က အခမ်းအနားကျင်းပခြင်းနှင့်စပ်လျဉ်းပြီးရှင်းလင်းပြောကြားသည်။
ထို့နောက် အထူးရဲတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များပေးအပ်ရာ ၊ အထူးရဲတပ်ဖွဲ့ ၀င်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အထူးရဲတပ်ဖွဲ့ဝင်များကို မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ
ကျင်းပခဲ့သည့် မဲရုံ(၅၈)ရုံတွင် အထူးရဲ(၅၈)ဦးအား တစ်လကြာ တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက်
တာဝန်ထမ်းဆောင် လိုပါက ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း