တာချီလိတ် မေ ၁၈
မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်စေရေး ရည်ရွယ်ပြီး မြန်မာနိုင်ငံ UBH
Company Limited နှင့် ချင်းရိုင်း
ခရိုင်ကုန်သည်ကြီးများအသင်း တို့ ပူးပေါင်း
စီစဉ်သည့် မြန်မာ
- ထိုင်း ကုန်စည်ပြပွဲ ဖွင့်ပွဲကို ယနေ့ မေ ၁၈ ရက်၊ နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ မကာဟိုခမ်း
ရပ်ကွက်ရှိ
ဟုတ်တက်တရုတ်ဘုံကျောင်းတွင်
ကျင်းပပြုလုပ်ရာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်
ဝန်ကြီးများ၊ ပြည်
နယ်၊ ခရိုင်၊
မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ ၊ ထိုင်းနိုင်ငံမှ ချင်းရိုင်း
ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ
တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၊
ချင်းရိုင်းခရိုင်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Dr. Anurat Intron က ထိုင်းနိုင်ငံ၏
ကုန်သွယ်မှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်ကုန်သည် ကြီးများ
အသင်း
ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင် က မြန်မာ-ထိုင်း ချစ်ကြည်ရေးကုန်စည်ပြပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍
လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်
အုပ်ချုပ်ရေးမှူး
Mr. Boonsong
Techa-Maneesatit တို့က ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားပြီး၊ ကုန်စည် ပြပွဲကို ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း
၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်
နှင့် ထိုင်းနိုင်ငံ၊
ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံမှ
ကုမ္ပဏီ (၃၄)ခုတို့က စားသောက်ကုန်များ၊ လျှပ်စစ်သုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊
ဆေးဝါးများ၊
အ၀တ်အထည်များ၊
အိမ်သုံးအလှဆင် ပစ္စည်းများကို
မေလ
၁၆ ရက်မှ
၂၂ရက် နေ့အထိ
နေ့စဉ် နံနက်
၁၀ နာရီမှ ည ၈
နာရီ အထိ
ပြသရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ဝေယံလင်း