တာချီလိတ် မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ပြည်သူ့အတွက်
ပထမရက် (၁၀၀)စီမံချက်ဖြင့် ပြည်သူများ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားလည်ပြီး လမ်းအသုံးပြုသူများနှင့် ယာဉ်မောင်းသူများ ယာဉ်မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရန်၊
ယာဉ်မတော်တဆမှု ၊
ထိခိုက်မှုများ လျော့နည်း
စေရန်၊ ယာဉ်စည်းကမ်း
၊ လမ်းစည်းကမ်းများ လေးစားလိုက်နာ
ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး အသိပညာ ပေးဟောပြောပွဲကို ယနေ့ မေ ၁၅ ရက်၊ ညနေ ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်
ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်
က မော်တော် ယာဉ် ဥပဒေပါ တားမြစ်ချက်နှင့်
ပြစ်ဒဏ်များ ၊
ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ပညာပေး
ဗီဒီယို ပြသ၍
လည်းကောင်း၊
ဒုတိယဦးစီးမှူး
ဦးနွေမိုးငြိမ်း က ယာဉ်အန္တရာယ်
၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်း ညွှန်များ၊
လမ်းအမှတ်အသားများ၊ အချက်ပြများ၊
အမြန်လမ်းမကြီးတွင်
လိုက်နာရမည့်စည်းကမ်းများ၊ဒေသအလိုက် ယာဉ်တိုက်မှု၊
ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များကိုလည်းကောင်း၊ ယာဉ်စစ်ဆေးရေးမှူး ဦးစိုင်းစံတစ်
က
မော်တော် ယာဉ် သွားလာမှုစည်းကမ်းများ၊
ယာဉ်သွားလာမှုနှင့် ပတ်သက်သည့်
အချက်များ၊ ဆိုင်ကယ်စီးသူ
စည်းကမ်းများ၊ ခြေလျင်လျှောက်သူလိုက်နာရမည့် စည်းကမ်းများ၊ စက်ဘီးစီးသူစည်းကမ်းနှင့် အနှေးယာဉ်မောင်းသူစည်းကမ်းများ
စသည့်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ရွှေတာချီခရီးသွားလုပ်ငန်းမှ
ဆိုင်ကယ်တက္ကစီ မောင်းသူ(၁၀၀)ကျော်
အား
အသိပညာလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်
လမ်းညွှန်များ၊ လမ်းအမှတ်အသားများ၊
အချက်ပြများအား ဗွီနိုင်းပြဘုတ်များဖြင့် အသိပညာပေးပြသဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ဝေယံလင်း