မိုင်းဖြတ် မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ
နှင့် ဆွပ်ပန်း
ကျေးရွာကြားရှိ
နမ့်လုံချောင်းတွင်
ရွှေတူးဖော်ရာ၌ အသုံးပြုသည့်
ဒီဇယ်အင်ဂျင်စက်(၂)လုံးနှင့်အတူ
ဆက်စပ် ပစ္စည်းများ
အား
မေ ၁၃
ရက်၊ ညနေပိုင်းက သိမ်းဆည်းရမိကြောင်း
သိရသည်။
ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့မ
ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး
ခင်မောင်ဌေး ၊
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
ဖြိုးသူရ အောင် ဦးစီးသည့်
တပ်ဖွဲ့ဝင်များသည်
သက်သေများအဖြစ်
တောညုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးယောဟန်
၊ ဦးလီတီး၊
ဦးဝင်းနိုင် တို့နှင့်အတူ ဆိုက်ခေါင်ကျေးရွာနှင့်
ဆွပ်ပန်းကျေးရွာ
ကြားရှိ
နမ့်လုံချောင်းတွင်
တရားမ၀င်
ရွှေတူးဖော်နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာရွှေတူးဖော်ရာ
တွင် အသုံးပြုသောရွှေဖောင်(၂)ဖောင်မှ
မြင်းကောင်ရေ(၂၅)ကောင်ရှိ
ဒီဇယ်အင်ဂျင် စက်တစ်လုံး၊ မြင်းကောင်ရေ(၂၀)ရှိ
ဒီဇယ်အင်ဂျင်စက်တစ်လုံး နှင့်
ဆက်စပ်ပစ္စည်း(၂၂)မျိုးတို့အား ပိုင်ရှင်မဲ့သိမ်းဆည်း
ရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသည့် ပစ္စည်းများအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီစီစဉ်ဆောင်ရွက်
လျက်ရှိ ကြောင်း
သိရသည်။
ရှောလမွန်(မိုင်းဖြတ်)