တာချီလိတ် မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ သူငယ်တန်း(KG)သင်
ဆရာ၊ ဆရာမများ
လေ့ကျင့်သင်တန်း
ပေးရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းပွဲကို ယနေ့
မေ ၁၀
ရက်၊ ညနေ ၃ နာရီခွဲက မကာဟိုခမ်း
ရပ်ကွက်ရှိ
အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်
က
သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦး က သင်တန်း အောင်မြင်ပြီးမြောက်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြား
သည်။
ယင်းနောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူ
ဒေါ်နန်းသန္တာအောင် က
ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး၊ သင်တန်းကာလအတွင်း
ထောက်ပံ့ငွေများ၊ သောက်ရေသန့်များ နှင့် အအေး အချိုရည် များ
လှူဒါန်းသည့် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက်
သင်တန်းသား၊ သင်တန်းသူ
ဆရာ၊ ဆရာမများက တေးသရုပ်ဖော်
အကအလှများဖြင့်သီဆို ကပြ
ဖျော်ဖြေ ခဲ့ကြောင်း
သိရသည်။
ဝေယံလင်း